Decimal System ၏ ဂဏန်းရေတွက်ပုံ

0 1 2 3 4 5 6 7 8 9
သိန်း သောင်း ထောင် ရာ ဆယ် ခု
105 104 103 102 101 100
100,000 10,000 1,000 100 10 1

Note : 102 ဆိုတာ 10 x 10 ပါ။ 103 ဆိုတာ 10 x 10 x 10 ပါ။ ကျန်တာတွေလဲ အတူတူပါပဲ။

ကျနော်တို့နိုင်ငံက လူငယ်တွေ အတော်များများ ဘီလျံနာသာ ဖြစ်ချင်ကြတာ Billion မှာ သုည ဘယ်နှစ်လုံးရှိလဲ ဆိုတာသတိမထားမိကြပါဘူး။ တွက်ပြပေးထားပါတယ်။

106 1,000,000 1 Million
107 10,000,000 10 Million
108 100,000,000 100 Million
109 1,000,000,000 1000 Million / 1 Billion
1018 1,000,000,000,000,000,000 1 Trillion

သုည ကနေစပြီး ၉ အထိကို ခုဂဏန်းပါ။ ၉ ပြီးရင် ဆက်ရေတွက်စရာ ဂဏန်းမရှိတော့တဲ့အတွက် ရှေ့ကို တလုံးတိုးပါတယ်။ ဆယ်ဂဏန်းနေရာပေါ့။ ဆယ်ဂဏန်းနေရာမှာ တစ်ခုရှိသွားပါတယ်။ ခုဂဏန်းနေရာမှာတော့ တစ်ခုမှမရှိတော့ပါဘူး။

ပုံ( ၁ ) - Decimal System

“528" ဆိုတဲ့ ဂဏန်းလေးကို Decimal System မှာ စဉ်းစားကြည့်ရအောင်။

102 101 100
100 10 1
5 2 8
100 x 5 10 x 2 1 x 8
500 + 20 + 8 = 528

results matching ""

    No results matching ""