Binary System ၏ ဂဏန်းရေတွက်ပုံ
0 1 | ||||||
---|---|---|---|---|---|---|
26 | 25 | 24 | 23 | 22 | 21 | 20 |
64 | 32 | 16 | 8 | 4 | 2 | 1 |
Note : 22 ဆိုတာ 2 x 2 ပါ။ 23 ဆိုတာ 2 x 2 x 2 ပါ။ ကျန်တာတွေလဲ အတူတူပါပဲ။
Binary စနစ်မှာ 0 1 ပဲ ရှိပါတယ်။ ၂ ကို အခြေခံတဲ့ နှစ်လီစိတ် စနစ်ပါ။ Binary မှာ 0 ဆိုရင် “0” ပါပဲ။ 1 ဆိုရင် “1”။ “2” ဆိုရင်ကော? Binary System မှာ 0 1 ပဲရှိတဲ့အတွက် ဆက်ပြီး ရေတွက်စရာမရှိတော့ပါဘူး။ Decimal System မှာ သုည ကနေ ၉ အထိ ရေတွက်ပြီးရင် ဆက်ပြီးရေတွက်စရာ မရှိတော့တဲ့အတွက် ရှေ့ကို တစ်လုံးတိုးပါတယ်။ Binary System မှာလဲ ရှေ့ကို တစ်လုံးတိုးပါတယ်။ Decimal System ကတော့ ဆယ်လီစိတ်ဖြစ်တဲ့အတွက် ၁၀ ကို ထပ်ကိန်းတင်ပေမဲ့ Binary System ကတော့ နှစ်လီစိတ်မို့ ၂ ကို ထပ်ကိန်းတင်ပါတယ်။ အောက်မှာ “2” ကို Binary System မှာ တွက်ချက်ပြထားပါတယ်။
21 | 20 | ||||
---|---|---|---|---|---|
2 | 1 | ||||
1 | 0 | ||||
2 x 1 | 1 x 0 | ||||
2 | + | 0 | = | 2 |
အောက်မှာ 0 1 2 3 အထိကို Binary System မှာ တွက်ပြထားပါတယ်။
21 | 20 | ||||
---|---|---|---|---|---|
2 | 1 | ||||
0 | 0 | = | 0 | ||
0 | 1 | = | 1 | ||
1 | 0 | = | 2 | ||
1 | 1 | = | 3 |
4 ကျရင် ပြသနာစတက်ပြီ။ တိုးစရာ နေရာမရှိတော့ဘူး။ လွယ်ပါတယ်။ ရှေ့ကို ၁လုံး တိုးပေးလိုက်ရုံပဲ။ Binary System မှာ ရှေ့ကို တစ်နေရာတိုးရင် 1 bit လို့ ခေါ်ပါတယ်။
22 | 21 | 20 | |||
---|---|---|---|---|---|
4 | 2 | 1 | |||
0 | 0 | 0 | = | 0 | |
0 | 0 | 1 | = | 1 | |
0 | 1 | 0 | = | 2 | |
0 | 1 | 1 | = | 3 | |
1 | 0 | 0 | = | 4 | |
1 | 0 | 1 | = | 5 | |
1 | 1 | 0 | = | 6 | |
1 | 1 | 1 | = | 7 |