ASCII Code
ဒါက ဂဏန်းတွေပဲ ရှိပါသေးတယ်။ စာသားတွေဆိုရင်ကော Computer ဘယ်လို လုပ်ပြီး မှတ်မလဲ။ သူနားလည်တာက 0 နဲ့ 1 ပဲကိုး။ ဒီတော့ စာသားအက္ခရာတွေအတွက် Decimal တန်ဖိုးတွေ သတ်မှတ်ပေးထားရပါတယ်။ ဒါကို “ASCII Code” လို့ ခေါ်ပါတယ်။ ASCII Code အရ Computer က A ကို Decimal 65 လို့ ယူဆတဲ့အတွက် 65 ကို Binary ပြန်တွက်ကြည့်မယ်။
65 = 0100 0001
128 | 64 | 32 | 16 | 8 | 4 | 2 | 1 |
---|---|---|---|---|---|---|---|
0 | 1 | 0 | 0 | 0 | 0 | 0 | 1 |
Binary System မှာ 8 Bit ကို 1 Byte လို့ သတ်မှတ်ပါတယ်။ ဒီတော့ စာလုံး တစ်လုံး မှတ်ဖို့ Computer မှာ Bit 8 ခု လိုပါတယ်။ ဒီတော့ စာလုံးတစ်လုံးကို Computer ထဲမှာ သိမ်းဖို့ 1 Byte လိုတယ်လို့ အဓိပ္ပာယ်ရပါတယ်။။ Bit ကို b အသေးနဲ့ ကိုယ်စားပြုပြီး Byte ကို B အကြီးနဲ့ ကိုယ်စားပြုပါတယ်။
8 Bits | = | 1 Byte | |
---|---|---|---|
1024 Bytes | = | 1 KB ( 1 KiloByte ) | |
1024 KB | = | 1 MB ( MegaByte ) | |
1024 MB | = | 1 GB ( Gigabyte ) | |
1024 GB | = | 1 TB ( Terabyte ) |
Decimal System မှာ 0 ကနေ 9 အထိ ဆယ်ခု ရှိသလိုပဲ Binary System ရဲ့ 1 Bit မှာ 0 နဲ့ 1 ရယ် စုစုပေါင်း မှတ်နိုင်တာ Pattern 2 ခု ရှိတယ်။
2 Bits မှာကျတော့ 00, 01, 10, 11 ဆိုပြီး Pattern 4 ခု မှတ်နိုင်သွားပြီ။
2 Bits | 1 Bit | ||||
---|---|---|---|---|---|
21 | 20 | ||||
2 | 1 | ||||
0 | 0 | = | 0 | ||
0 | 1 | = | 1 | ||
1 | 0 | = | 2 | ||
1 | 1 | = | 3 |
3 Bit မှာဆို 000, 001, 010, 011, 100, 110, 101, 111 စတဲ့ မတူညီတဲ့ Pattern 8 ခု မှတ်နိုင်တယ်။
3 Bits | 2 Bits | 1 Bits | |||
---|---|---|---|---|---|
22 | 21 | 20 | |||
4 | 2 | 1 | |||
0 | 0 | 0 | = | 0 | |
0 | 0 | 1 | = | 1 | |
0 | 1 | 0 | = | 2 | |
0 | 1 | 1 | = | 3 | |
1 | 0 | 0 | = | 4 | |
1 | 0 | 1 | = | 5 | |
1 | 1 | 0 | = | 6 | |
1 | 1 | 1 | = | 7 |
8 Bit အထိ တွက်ပြထားပါတယ်။
1 Bit | 20 | 1 | 2 Patterns | |
---|---|---|---|---|
2 Bits | 21 | 2 | 4 Patterns | |
3 Bits | 22 | 4 | 8 Patterns | |
4 Bits | 23 | 8 | 16 Patterns | |
5 Bits | 24 | 16 | 32 Patterns | |
6 Bits | 25 | 32 | 64 Patterns | |
7 Bits | 26 | 64 | 128 Patterns | |
8 Bits | 27 | 128 | 256 Patterns |
8 Bits / 1 Byte ဆိုရင် စာလုံး ၁ လုံးပဲ မှတ်နိုင်ပေမဲ့ ဂဏန်းပေါင်း ၂၅၆ လုံးထိ ရေတွက်နိုင်ပါတယ်။ 2 Bytes ဆိုရင် 16 Bits ရှိတဲ့အတွက် ဂဏန်းဘယ်လောက်ရေတွက်နိုင်မလဲ ?
8 Bits / 1 Byte | 256 Patterns |
---|---|
2 Bytes | 65,536 Patterns |
3 Bytes | 16,777,216 Patterns ( 16 Million ) |
4 Bytes | 4,294,967,295 Patterns ( 4 Billion ) |
8 Bytes | 18,446,744,073,709,551,616 Patterns ( 18 Trillion ) |
သင်္ချာမှာ + - သင်္ကေတပါတဲ့ ဂဏန်းတွေကို Signed Number လို့ခေါ်ပါတယ်။ + - သင်္ကေတမပါတဲ့ ဂဏန်းတွေကိုတော့ Unsigned လို့ခေါ်ပါတယ်။ 1 Byte မှာ Unsigned Number ဆိုရင် 0 ကနေ 255 လုံးထိ ရပါတယ်။ Signed Number မှာတော့ -128 ကနေ 0 အထိ၊ 0 ကနေ +127 အထိ ရေတွက်လို့ ရပါတယ်။ ကျန်တဲ့ Byteတွေမှာလဲ ဘယ်လိုတွက်လဲ အောက်မှာကြည့်ပါ။
Unsigned Number | Signed Number | |
---|---|---|
8 Bits / 1 Byte | 0 to 255 | -127 to +127 |
2 Bytes | 0 to 65,535 | -32768 to +32767 |
3 Bytes | 0 to 16 Million | -8 Million to +8 Million |
4 Bytes | 0 to 4 Billion | -2 Billion to +2 Million |
8 Bytes | 0 to 18 Trillion | -9 Trillion to +9 Trillion |
ဒီလောက်ဆိုရင် Binary System အကြောင်း ပြည့်စုံပါပြီ။