Binary System
Programming Language ဆိုတာကို လွယ်လွယ် ပြောရရင် Computer ကို စာတွေရေးပြီး ခိုင်းတာပါပဲ။ ဘာပြီးရင် ဘာလုပ်ဆိုတဲ့ ကိုယ်ဖြစ်စေချင်တဲ့ Instructions တွေ ပေးနိုင်ပါတယ်။ Programming Language တွေ အများကြီးရှိပေမဲ့ တော်တော်များများက ရေးသားပုံချင်း ခပ်ဆင်ဆင်ပါ။ စကားပြောသလိုပဲ ရေးလို့ရပါတယ်။ ဒါပေမဲ့ Computer က Programming Language ကို နားမလည်ပါဘူး။ သူနားလည်တာက Machine Language သို့မဟုတ် Machine Code ကိုပဲ နားလည်ပါတယ်။ Machine Language ဆိုတာတော့ 0 1 တွေပါပဲ။ ဒီတော့မှတ်ထားရမှာသည် Computer ကနားလည်တာ 0 နဲ့ 1 နှစ်ခုထဲပါ။ Digital Electronic စနစ်မှာ On နဲ့ Off သို့မဟုတ် 0 နဲ့ 1 ပဲရှိပါတယ်။ 0 နဲ့ 1 ပဲရှိတဲ့အတွက် Binary System နဲ့တွက်ချက်ရပါတယ်။ လူတွေသုံးတာက Decimal စနစ် လို့ခေါ်တဲ့ ၁၀ ကို အခြေခံတဲ့ဆယ်လီစိတ် စနစ်ပါ။ ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း စသည်ဖြင့် ဒီလိုသုံးပါတယ်။ ရေတွက်လို့ရတဲ့ဂဏန်းတွေက သုညကနေ ၉ အထိရှိတယ်။